NDg3-NDkw-MjY0-MTkw-MjEw-OTE5-Nw==?dGhl-bW92-aWVz
The Eminence in Shadow

လူအယောက် ၁၀၀ ကို Isekai မှာ ဘယ်လို Character မျိုးဖြစ်ချင်သလဲမေးလာခဲ့ရင် ၉၉ ယောက်ကတော့ Overpower အစွမ်းတွေနဲ့ ကိုယ်ပိုင် Harem ပိုင်ဆိုင်တဲ့သူဖြစ်ချင်တယ်လို့ ဖြေကြမှာ အသေအချာပါပဲ ။ ဒါပေမယ့် ချွင်းချက်အဖြစ် တစ်ယောက်ကတော့ အမြဲတမ်းကျန်ရှိနေသလို ဒီကားထဲက ကျွန်တော်တို့ရဲ့ MC ဖြစ်သူ Cid Kagenou ဟာ ထိုကဲ့သို့သော လူမျိုးဖြစ်ပါတယ် ။ ဂုဏ်တွေ အာဏာတွေ စော်တွေကို မမက်မောဘဲ chuunibyou တစ်ယောက်ပီပီ တစ်လောကလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့ တစ်နည်းအားဖြင့် ပိတ်ကားနောက်ကွယ်က ဇာတ်ကောင်ဖြစ်ချင်သူတစ်ဦးပါ။ ဒါပေမဲ့ အဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ဆိုတာ လက်ရှိ သူနေထိုင်တဲ့ ကမ္ဘာကြောင့် ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ မည်သို့ပင်ဆိုစေကာမူတစ်နေ့ကျ Isekai ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း Truck-kun ရဲ့ ကောင်းချီးကို ရရှိသွားတဲ့အခါမှာတော့ သူဖြစ်ချင်တဲ့အိပ်မက်ကို တခြားကမ္ဘာမှာ ဖော်ဆောင်ခွင့်ရရှိသွားခဲ့ပါတယ် ။

0 Comments

Copyright © - Otaku Camp MM